The International Karate Organization KyokushinKaikan – I.K.O Matsushim Group သည် ကရာတေးပညာကိုအုတ်မြစ်ချ၍ အမွေပေးခဲ့သူဆရာကြီး MasutatsuOyama ၏ Budo Karate လမ်းစဉ် အတိုင်းရပ်တည်လျက် တက်ကြွ၍   အောင်မြင်မှုရှိနေသော အဖွဲ့အစည်းဖြစ်ပါသည်။ စစ်မှန်သော အပြည်ပြည်ဆိုင်ရာ  ကရာတေးအဖွဲ့အစည်းကြီးတစ်ခုအဖြစ် အစဉ်ရပ်တည်လျက် ကိုယ်ရောစိတ်ပါ စည်းကမ်းတကျ တည်ရှိနေသော အဖွဲ့အစည်းဖြစ်ပါသည်။ လူတိုင်းလူတိုင်း၏ စိတ်ဓာတ်အရည်အသွေးကိုတိုးတက်စေရန် ရည်ရွယ်ပြီး  နောင်မျိုး ဆက်သစ်များအတွက် လူ့အဖွဲ့အစည်းကို အကျိုးပြု  သောသူများ   ခေါင်းဆောင်ကောင်းများပေါ်ထွက်လာနိုင်စေရန် ဦးတည်ပါသည်။

မိမိတို့၏ ကရာတေးသည် Budo  ဖြစ်သည်နှင့်အညီစစ်မှန်သော သန်မာမှုကို ရှာဖွေရန် အလို့ငှာ Full Contact စည်းမျဉ်းများကို ကျင့်သုံးပါသည်။ သို့သော် သန်မာမှုဆိုသည်မှာ   ပြိုင်ပွဲများတွင်  အောင်နိုင်သူများအဖြစ်ဟူသည့် ရှုထောင့် တစ်ခုတည်းကို    ဖော်ပြခြင်းမဟုတ်ဘဲ  ပြင်းထန်ခက်ခဲသောကျင့်စဉ်များဖြင့်  လူသားတစ်ယောက်၏ ဘဝနေနည်းကိုပါ ရှာဖွေခြင်းဖြစ်ပါသည်။လူ့ကျင့်ဝတ်၏ အတိုင်းအတာကိုတိုးမြှင့် နိုင်ရန် ယုံကြည်ချက်အပေါ် အခြေခံကာလေ့ လာသင်ယူရမည်ဟုလည်း  ယုံကြည် ပါသည်။ ဤယုံကြည်မှုနှင့် လေ့ကျင့်မှုသည် လူအဖွဲ့အစည်းကိုအကျိုးပြု မည့် လူငယ်တိုင်း ကိုထိရောက်သော အထောက်အ ပံ့ဖြစ်မည် ဟုလည်းယုံကြည်ပါသည်။ မိမိတို့ ယုံကြည်မှုနှင့် ကြိုးပမ်းမှုကို တစ်ဆင့်ချင်းတိုးမြှင့် လုပ်ဆောင်သွားနိုင်မည်ဆိုလျှင် လူငယ်များသည် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်ဆိုသည်မှာမိမိတို့၏ ယုံကြည်ချက်ပင် ဖြစ်သည်။

ယနေ့ကာလတွင် နိုင်ငံပေါင်းခြောက်ဆယ်ကျော်၌ ကိုယ်စားလှယ်များနှင့် တရားဝင် Branch Chiefပေါင်း (၁၂ဝ)တိတိရှိနေသောအဖွဲ့အစည်းကြီးလည်း ဖြစ်ပါသည်။ ၄င်းတို့အားလုံးသည် ထိရောက်သောလေ့ကျင့်မှု၊ အသက်မွေးမှုများဖြင့်    မြင့်မားသောရလဒ်ကောင်းများအတွက် ကြိုးပမ်းနေကြသူချည်း ဖြစ်ကြသည်။ ၄င်းတိုသည်ုKyokushin Karate၏ဒသနိကကို  တလေးတစားဖြင့် ရွက်ဆောင်နေသူများ ဖြစ်ပြီးမိမိတို့အဖွဲ့အစည်းသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် Democratic  အဖြစ်ဆုံးသောကျို့ခ်ရှင်းကရာတေးအဖွဲ့အစည်းကြီးတစ်ခုအဖြစ် အသိအမှတ်ပြု ခြင်းခံထားရပါသည်။ ဂျပန်ပြည်သာမကကမ္ဘာတစ်ဝှမ်းလုံးရှိ လူအများသည်  ကျို့ခ်ရှင်ကရာတေးကိုအလွန်အမင်းစိတ်ဝင်းစားကြသည်မှာ ဤ Budo Karate သည် ဘဝ၏ စစ်မှန်သောလမ်းကြောင်းကိုရှာဖွေသည့် နည်းလမ်း တစ်ခုဖြစ်   ကြောင်းအသိအမှတ်ပြုခြင်း ခံထားရသောကြောင့်ဟုအမှန်ပင်  နားလည်သတိပြု့ ပါသည်။