IMG_227942045654329
IMG_45263599609686
sosai & kancho

ယိုရှီကာဇုမာစုရှီးမားကို ၁၉၄၇ ဧပြီ (၂၃)တွင် မွေးဖွားခဲ့သည်။ ၁၉၆၅ ၌ တိုကျို မြို့ အိခဲဘူခူရိုဒိုဂျိုတွင် ကရာတေးပညာကိုစတင်သင်ယူခဲ့သည်။ ဆရာကြီးအိုယားမ၏ တပည့်တစ်ဦးဖြစ်သည်။

သူသည် ကမ္ဘာတစ်ဝှမ်းလုံး၌ ကရာတေးသင်ကြားနေသူဖြစ်ပြီးမဂ္ဂဇင်းများ၊ တီဗီရှိုးများနှင့် ကျို့ခ်ရှင်းကရာတေးမြှင့်တင်ရေးရုပ်ရှင်ကားများတွင် ပါဝင်ခဲ့သည်။ ဆရာကြီး အိုးယားမ၏Advanced Karate စာအုပ်တွင် မာစုရှီးမား ကိုဖော်ပြရန် အတွက်   ရွေးချယ်ခြင်းခံခဲ့ရသည်။  ၁၉၈၉ တွင် ကျို့ခ်ရှင်း ကရာတေးပြန်ပွားရေး   မြှင့်တင်ရေးလုပ်ငန်းအတွက် ”အထူးကိုယ်စားလှယ်တော်” ဆုကိုဆရာကြီးထံမှ ရရှိခဲ့သည်။

ပထမဆုံး Brand Chief တစ်ဦးအဖြစ် ခန့်အပ်ခံရပြီး နှစ်ပေါင်း သုံးဆယ့်ငါးနှစ်ကျော် လေ့ကျင့်ခြင်း၊ သင်ကြားခြင်း၊   ပြန့်ပွားစေခြင်း တို့ကို ပြုလျက်ရှိသည်။ ၁၉၉၈ နိုဝင်ဘာလ၌ International Karate Organization Matsushima Group ၏ ဥက္ကဌအဖြစ်    ရွေးချယ်ခြင်းခံရသည်။ ဥက္ကဌသည် ကမ္ဘာအနှံ့လှည့်လည်ကာ ကျွမ်းကျင်မှုနှင့် အသိပညာများကို လှည့်လည် ပို့ချပေးလျက်ရှိသည်။