president
vice-president2
vicepresident

John Taylor

Vice-president, International Karate Organization Matsushima

ကျိုခ်ရှင်းကရာတေးလောကတွင် ကမ္ဘာအနှံ့ လူသိများသူတစ်ဦးမှာဒုတိယဥက္ကဌ ဂျွန်တေလာ ဖြစ်သည်။  ကမ္ဘာပေါ်တွင်  အဆင့်အမြင့်ဆုံး  9Dan အထိရရှိထားသော ဂျွန်တေလာသည် ၁၉၆၃ ခုနှစ်ကတည်းက ကရာတေးချစ်သူေ ထာင်ပေါင်းများစွာတို့ အားနာယကဂုဏ်နှင့် ပြည့်စုံစွာခေါင်းဆောင်မှု ပေးနိုင်သူအဖြစ် အသိအမှတ်ပြု ကြသည်။  နှစ်ပေါင်းလေးဆယ်ကျော် ခက်ခဲကြမ်းတမ်းသောေ လ့ကျင့်မှုများ၊ ၊  ပြောင်မြောက်သော သင်ကြားပြသနိုင်စွမ်းများကြောင့် ကျော်ကြားသည်။ သူ၏ ခေါင်းဆောင်မှုနည်းလမ်းများကိုကတ္တီပါလက်အိတ်နှင့် သံလက်သီး ဟုဖော်ပြခြင်းခံခဲ့ရသည်။ သူ၏ ကြိုးပမ်းမှုများကြောင့် ၂ဝဝဝ Australia Sports Medal ကိုလက်ခံရရှိခဲ့သည်။ ၂ဝဝ၄ ခုနှစ်၏ Australian of the Year အဖြစ် စကာတင် စာရင်းဝင်ခဲ့သည်။

သြစတြေးလျကိုကျိုခ်ရှင်းကရာတေးစတင်ရောက်ရှိလာသော ၁၉၆၃ မှာပင် ဆစ်ဒနီမြို့၌ ယင်း၏ ကိုယ်ခံပညာလုပ်ငန်းကိုစတင်ခဲ့သည်။    ကျို့ခ်ရှင်းခေါင်းဆောင် Ivan Zavetchanos  ၏ လက်အောက်၌  ၁၉၆၆ တွင်  ပထမဦးဆုံးခါးစည်းနက် Shodan Black ကိုရရှိခဲ့သည်။ နိုင်ငံခြားသားတပည့်တစ်ဦးအဖြစ် ဆရာကြီးအိုယားမ ကွယ်လွန်သည်အထိ အန္တေဝါသိက အနီးနေတပည့်ရင်းများထဲမှ တစ်ဦးဘဝဖြင့် နေထိုင် သင်ယူခဲ့သည်။ သူသည် ဆရာကြီး၏ တပည့်တစ်ဦးအဖြစ်သာမက ပုဂ္ဂိုလ်ရေးအရကော လုပ်ငန်းအရပါ သစ္စာရှိ လူယုံအဖြစ် ကိုးစားခံရပြီးဒဿနိကများရောယုံကြည်ချက်များကိုပါ မွမ်းမံသည့် သံတမန်ဖြစ်လာခဲ့သည်။

သူသည်  အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများအတွက်  ပြင်းထန်သောလေ့ကျင့်မှုများဖြင့်သာ အချိန်ကိုကုန်လွန်စေခဲ့သူဖြစ်သည်။ သူ၏ကြိုးပမ်းမှုအတွက် ၁၉၆၇ တွင်     Australia Vs New Zealand  ပွဲ၌ သြစတြေးလျအတွက် ချန်ပီယံဖလားကိုရယူပေးနိုင်ခဲ့သည်။

vice president 1
vice-president

သြစတြေးလျ ကိုယ်ခံပညာလာကအတွက် တော်လှန်ရေးကိုစတင်ခဲ့သူလည်းဖြစ်သည်။ ယခုနောက်ပိုင်းတွင် Australian Karate Federation  ဖြစ်လာခဲ့သော The Federation of  Australia  Karate Organization (FAKO) ကိုတည်ထောင်ခဲ့သည်။

၁၉၇၇ မတ်လ ၂ဝ ရက်တွင် ဆစ်ဒနီမြို့တော်ခန်းမ၌ Australian Karate Championships ကိုကျင်းပခဲ့သည်။ ဆရာကြီးအိုယားမ၏ နာမည်ပျက် စာရင်း သွင်းထားသော ခေါင်းဆောင်မှလွဲ၍ အားလုံးထိုပွဲကိုတက်ရောက်ခဲ့ကြသည်။ ဆရာကြီး အိုယားမနှင့် ဂျပန်တွင် နှစ်ပေါင်းများစွာနေထိုင်ပြီး အဖွဲ့အစည်းကြီးကို အတူ တည်ထောင်ခဲ့သူ အထူးအခွင့်အရေးရသူ ဖြစ်လာခဲ့သည်။  ဂျပန်တွင်   ကျောင်းအိပ်   ကျောင်းစားအဖြစ် နှစ်ရှည်နေထိုင်ခဲ့ပြီး   ပြီးမြောက်အောင်    မြင်အောင် တက်ရောက်နိုင်ခဲ့သည့် ပထမဆုံးအနောက်တိုင်းသားလည် ဖြစ်သည်။

ဂျွန်တေလာသည် ၁၉၉၇ တွင် International Karate Organization , Kyokushinkai-kan ၏  ဒု-ဥက္ဌဌအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး  သြစတြေးလျ ကျိုခ်ရှင်းကရာတေးလောက၏ Chief Instructorအဖြစ် တာဝန်ယူကာ သင်တန်းကျောင်းပေါင်း ရှစ်ဆယ်ကျော် တည်ထောင်နိုင်ခဲ့သူဖြစ်သည်။

ထို့အပြင် နှစ်စဉ် ပြိုင်ပွဲများကျင်းပပေးပြီး ၁၉၉၈ တွင် ဓနသဟာယကရာတေး ချန်ပီယံဆုပွဲကိုလည်း ကျင်းပနိုင်ခဲ့သည်။ ယင်းပြိုင်ပွဲသည်  သြစကြေးလျနိုင်ငံ နှစ်နှစ်ရာမြောက်ပွဲတော် ကျင်းပခြင်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ နိုင်ငံပေါင်းဆယ့်ခြောက်နိုင်ငံတက်ရောက်ပြိုင်ဆိုင်ခဲ့ပြီးထိုစဉ်ကတည်းကဤပွဲနှင့် အလားတူ ကြီးကျယ်သောပွဲမျိုးမည်သူမှ မကျင်းပနိုင်ခဲ့ပေ။

ယခုအခါ ဒု-ဥက္ကဌ ဂျွန်တေလာသည် The International College of Kenshusei တွင် သူ၏ အသိပညာများ၊ အတွေ့အကြုံများကို သင်ကြားပြသပေးခြင်းကြောင့်  ကောလိပ် သည်  ဒု-ဥက္ကဌနှင့် အတူတကွ တည်ရှိနေရခြင်းကိုဂုဏ်ယူဝမ်းမြောက်လျက်ရှိကြသည်။