• ဒဏ္ဍာရီလာ သူရဲကောင်း (သို့) မာစုတစု အိုယမ

    oyama
    IMG_532647666402525
    IMG_37216377899165
    mas 4

    An early start

    အိုယမဟာ  ကျိုခ့်ရှင်းခရတဲ့ကို တည်ထောင်ခဲ့တဲ့ နာယကကြီးပါ။ သူ့ရဲ့ ဒဏ္ဍာရီဆန်တဲ့  အောင်မြင် ကျော်ကြားမှုနဲ့ ကြိုးစားအားထုတ်မှု ဘဝဇာတ်ကြောင်း၊ မဆုတ်မနစ်တဲ့ ဇွဲစိတ်ဓါတ်ကို နှောင်းလူတို့ လေ့လာ နိုင်အောင်ဖော်ပြလိုက်ပါတယ်။ အိုယမအား ၁၉၂၃ ဇူလိုင်လ(၂၇) ( ၁၂၈၅ ဒုတိယဝါဆိုလပြည့် သောကြာနေ့ )တွင်တောင်ကိုးရီးယားရှိ Gunsan  နှင့် မဝေးလှသော Qa-Ryong-Ri Yong-chi-Myo’n Chul Na Do ဆိုသည့် ရွာလေး၌ မွေးဖွားခဲ့သည်။ ဖခင်အမည်မှာ Sun Hyung    ဖြစ်ပြီး ယောကျာ်းလေးခြောက်ယောက် မိန်းခလေးတစ်ယောက်ပါသော   မွေးချင်းများ ထဲတွင် လေးယောက်မြောက်သားယောကျာ်းလေးဖြစ်သည်။ သူ့ကို Yon  g-I-Choi  ဟု အမည်ပေးခဲ့လေသည်။

    သူငယ်စဉ်က တရုတ်ပြည်တောင်ပိုင်း မန်ချူးရီးအားရှိ ယာတောထဲတွင် အမဖြစ်သူနှင့်နေထိုင်ရန် ပြောင်းရွှေ့ခဲ့သည်။ Yongree   မူလတန်းကျောင်း ၏ အယောက်လေးရာရှိ ကျောင်းသားများထဲမှ တစ်ယောက်ဖြစ်သော သူသည် အိမ်နှင့်ခြောက်မိုင်ခန့်ဝေး  ​သောကျောင်းကို လမ်းကျဉ်းလေးအတိုင်း တောင်ကုန်းများအားဖြတ်ကျော်၍   နေ့စဉ်ခြေလျှင်လျှောက်ကျောင်းတက်သည့် အလွန်ကြံ့ခိုင်သော ခလေးဖြစ်သည်။

    သူသည် ကျောင်းတွင် စာသင်ရသည်ကိုမပျော်၊ ဟော်ကီကစားခြင်း၊ ရေကူးခြင်း ငါးဖမ်းခြင်းတို့ကို သာပိုစိတ်ဝင်စားသည်။ အသက်ကိုးနှစ်အရွယ်၌ ကိုယ်ခံပညာကိုစတင်လိုက်စားသည်။ Eighteen Hands  ဟုလူသိများသော လူသိများသော တောင်းပိုင်းတရုတ်ပြည် Kenpo  ပညာဖြစ်သည်။ ဆရာမှာ သူအမ၏ခြံတွင် အလုပ်လုပ်သောMr. Yi ပင် ။  နှစ်နှစ်ခန့်လေ့လာသင်ကြားပြီးနောက် Shodan   ဟုခေါ်သော ခါးစည်းနက်ကို ရရှိခဲ့သည်။ အသက် (၁၂) တွင် ကိုရီးယားကို ပြန်သွားရန် ဆုံးဖြတ်ခဲ့သော်လည်း အတန်းပညာသင်ရန်မဟုတ်ဘဲ ကိုယ်ခံပညာများကို လိုက်စားရန် သာဖြစ်သည်။ ထို့ကြောင့် Taiken  သို့မဟုတ် Chabiဟုခေါ်သည် ကိုရီးယားကိုယ်ခံပညာကို လေ့ကျင့်ခဲ့သည်။ ယင်းသည်Kempo, Kung Fu  နှင့်Ju Jitsu  ကဲ့သို့ အမျိုးမျိုးသောအတတ်ပညာများကို   ပေါင်းစပ်ထားသည့် ပညာ ဖြစ်သည်။

    ၁၉၃၈ ခုနှစ်၊ ၁၅ နှစ်သားအရွယ်တွင် ထိုစဉ်ကသူ၏စံပြဖြစ်သော Bismarck  ကဲ့သို့ လေယာဉ်မောင်း တစ်ယောက်ဖြစ်ရန် ဂျပန်နိုင်ငံသို့ သွားရောက်ကာ သင်တန်းတက်ခဲ့သည်။ Yamanashi Youth Aviation Instituteတွင်တက်ရောက်နေသော    ဆယ့်ငါးနှစ်သားလေးတစ်ယောက်အတွက် ဂျပန်ပြည်တွင်နေထိုင်ရပ်သည်ရသည်မှာ အလွန်ပင်ပမ်းခက်ခဲလှသည်။ သူသည် လေယာဉ်မောင်း သင်တန်းမှ ထွက်ပစ်လိုက်ပြီး သူ့ပင်ကိုယ်ဝါသနာဖြစ်သည့် ကိုယ်ခံပညာကို ဆက်လက်ဆည်းပူးရန် ဂျူဒိုနှင့် English လက်ဝှေ့ကို သင်ကြား လေ့ကျင့်ခဲ့ပြန်သည်။

    Gichin Funakoshi

    ဂျပန်တွင် နေထိုင်သောအခါ ဂျပန်အမည်ပေးရန် လိုအပ်လာသဖြင့် Oyama ဆိုသော အမည်ကို ရွေးချယ်ရန် သူဆုံးဖြတ်လိုက်သည်။ Great Mountain  တောင်ကြီးမဟာ ဟု အဓိပ္ပါယ်ရသော အမည်ဖြစ်သည်။ တနေ့တွင် အိုကီနာဝါခရတဲ့ (ကရာတေး) ကို လေ့ကျင့်နေသော ကျောင်းသား တစ်ယောက်အား သူသတိပြုမိလိုက်ပြီး ထိုပညာကို အလွန်စိတ်ဝင်စားသွားသည်။ ထို့ကြောင့် သူသည် ၁၉၁၆ ခုနှစ်မှစတင်ကာ ခရတဲ့ပညာကို ခေတ်မီသော နည်းစနစ်အဖြစ် အိုကီနာဝါကျွန်းမှ ဂျပန်ပြည်အနှံ့သို့ စတင်ယူဆောင်လာသူ Gichin Funakoshi ၏ Funakoshi  သင်တန်းကျောင်းတွင် သင်တန်းသားအဖြစ် စာရင်းသွင်းလိုက်တော့သည်။ ဤသည်ပင် ခရတဲ့ပညာနှင့် စတင်တွေ့ဆုံခဲ့ရသော ဆယ်ကျော်သက်ခလေးတစ်ယောက်၏ဘဝနိဒါန်းပင်       ဖြစ်​တော့သည်။ သူပထမဦးဆုံး စတင်သင်ကြားခဲ့သော ခရတဲ့သည် Shotokan  အမျိုးအစားဖြစ်သည်။ သူသည်ထိုစဉ်မှစ၍ ခရတဲ့ပညာကို  အလွန်မြတ်နိုးကာ Takushoku University  ရှိ Funakoshi   သင်တန်းကျောင်းတွင် ကာလရှည်ကြာ နာရီပေါင်းများစွာ လေ့ကျင့်ခဲ့သည်။သူ၏ အံ့လောက်ဖွယ်လေ့ကျင့်မှုကြောင့် အသက် ၁၇ အရွယ်မှာပင်Nidan  ခါးစည်းနက် အဆင့်ကို အောင်မြင်ခဲ့သည်။ ဂျပန်စစ်တပ်ထဲသို့ ဝင်ရောက်သော အသက် (၂၀) အရွယ်တွင် Yondan ခါးစည်းနက်ကို အောင်မြင်ပြီး   ဖြစ်​လေသည်။ ရှိတိုကန်ခရတဲနှင့်အတူ ဂျူဒိုပညာကိုလည်း Yondan  အဆင့်   ​အောင်မြင်ခဲ့လေသည်။

  • So Nei Chu

    So Nei Chu

    ဒုတိယကမ္ဘာစစ်၌ ဂျပန်တို့စစ်ရှုံးသောအခါ ဂျပန်နိုင်ငံသားများနှင့် သူ့အတွက် အလွန်ခါးသီးသော ကာလများဖြစ်ခဲ့ရသည်မှာ အထူးသဖြင့်  စိတ်ပိုင်းဆိုင်ရာက ပိုဆိုးလေသည်။ ထိုအတောအတွင်းမှာပင် အိုယမသည် ဂျပန်တွင်နေထိုင်သော ကိုရီးယားလူမျိုး  So Nei Chu နှင့်စတင်ဆုံတွေ့ခဲ့သည်။ ထိုသူသည် သူ၏စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာသန်စွမ်းမှုတို့ကြောင့်ဂိုးဂျူရူးခရတဲ့လောကတွင်ဩဇာရှိသူ   ကျော်ကြားသူ တစ်ယောက်ဖြစ်သည်။ သူနောက်ထပ်တွေ့ရသူတစ်ယောက် ၈ျပန်ပြည်တွင် အကျော်ကြားဆုံးဖြစ်သည့် ဆာမူရိုင်းစစ်သည်တော်ကြီးတစ်ဦး ဖြစ်သူ မီယာမိုတို မူဆားရှိအကြောင်း စာအုပ်ရေးသားသည့်Eji Yoshikawa  ဆိုသူပင်၊ ဤစာအုပ်နှင့် ဤစာရေး ဆရာ၏ ကျေးဇူးကြောင့် Samurai Bushido Code  ၏ အနက် အဓိပ္ပါယ်များကို လေးလေးနက်နက် နားလည် ခဲ့ရလေသည်။

  • Mountain Training

    Mountain Training
    mas3

    So Nei Chu  ၏ ဩဇာသက်ရောက်မှုကြောင့် အိုယမသည် လူ့ဘောင်လောကကို စွန့်ခွာ၍ သုံးနှစ်တိုင် တစ်ဦးတည်း စိတ်နှင့်ကိုယ်ကို အပြင်းအထန်လေ့ကျင့်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် သူသည် မိနော့ဘုတောင်ရှိရာ ထွက်ခွာလာခဲ့တော့သည်။ ထိုနေရာလေးမှာ မူဆားရှိကို Nito Ryu ဓါးရေးကျွမ်းကျင်သူဖြစ်ရန် တွန်းပို့ခဲ့သောနေရာပင်။ ထိုစဉ်ကအိုယမသည်၂၃ နှစ်အရွယ်သာရှိသေး သည်။   သူ့အမြင်အရ ဤနေရာသည် သူ၏  စိတ်နှင့်ကိုယ်ကို အပြင်းအထန်လေ့ကျင့်ရန် အကောင်းဆုံး      ​နေရာဖြစ်သည်။ သူ၏သူငယ်ချင်းလည်းဖြစ် သင်တန်း သားလည်းဖြစ်သူYashiroကတောင်ပေါ်တောကြီးမြက်မည်းတွင်အစားအသောက်မပြတ်စေရန်လစဉ်လာရောက်၍  ထောက်ပံ့ပေးခဲ့ပြီးတောင်ပေါ်တွင် အတူနေခဲ့သည်။ သို့သော်   ခြောက်လအကြာ၌ တောထဲတောင်ထဲ အထီးကျန် နေကြရခြင်းကို  ခံနိုင်ရည်  မရှိတော့သဖြင့် ယာရှီရိုသည်  လူ့အသိုင်းအဝိုင်းသို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့လေ သည်။ အိုယမတစ်ဦးတည်းတောင်ပေါ်တွင် လေ့ကျင့်ပြီး ဆယ့်လေးလအကြာ ယာရှီရိုထံမှ သတင်းစကားရောက်လာ သည် ။ လစဉ်ပေးပို့နေသော စားနပ်ရိက္ခာအတွက် တာဝန်မယူနိုင်တော့ပါ ဟူသည်ပင်။ ထို့ကြောင့် အိုယမသည်လည်း လေ့ကျင့်မှုကို အဆုံးသတ်ကာ တောင်အောက်သို့ ပြန်ဆင်းခဲ့ ရတော့သည်။

    လအနည်းငယ်အကြာ ၁၉၄၇ ခု ဒုတိယကမ္ဘာစစ်ကြီးအပြီး အိုယမသည် ခရတဲ့ လောကတွင် ဗိုလ်စွဲသွားကာ1st Japanese National Martial Arts Championships ဆိုသော ချန်ပီယံဆုကိုရခဲ့ လေသည်။ သူသည် ဂျပန်ပြည်တွင် အတော်ဆုံး   ခရတဲ့သမားဖြစ်သွားသော်လည်း တောထဲတောင်ထဲတွင်ရည်မှန်း ထားသည့် အတိုင်းမလေ့ကျင့်နိုင်ခဲ့ဘဲ  လူ့လောကထဲ ပြန်လာခဲ့ရသည့်  အတွက် စိတ်ထဲတွင် အရည်အချင်းမပြည့်မီသောကြောင့် ခံစားနေရသဖြင့်   နောက်တစ်ကြိမ်   တောထဲပြန်ဝင်ကာ  ခရတဲ့ပညာအပေါ်ဘဝကိုမြှုပ်နိုင်၍ ပြင်းထန်ကြမ်းတမ်းသော    လေ့ကျင့်ရေး များပြုလုပ်ရန်သာ ဆုံးဖြတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်သူသွားသော     ​နေရာသည်Chiba  စီရင်စုနယ်မှKjyozumi တောင်ပင်၊ ထိုနေရာ၏ ပတ်ဝန်းကျင် သဘာဝတောတောင်များသည် သူ့စိတ်ကိုတွန်းအားပေးနိုင်ခဲ့သည့် ရှုခင်းများဖြစ်ခဲ့သည်။ သူ၏လေ့ကျင့်မှုများသည် ကြမ်းတမ်းလွန်ကဲသော လေ့ကျင့်ခန်းများဖြစ်ခဲ့သည်။ တနေ့လျှင် (၁၂)နာရီလေ့ကျင့်သည်။ ရေခဲမြစ်မှစီးကျလာသော ရေတံခွန်အောက်တွင်ရပ်လျှက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊   မြစ်ထဲမှ ကျောက်တုံးကြီးများကို လက်သီး၊ လက်ဝါးစောင်းဖြင့် ချိုးခွဲခြင်း၊ သစ်ပင်ကို မာကီဝါရာအဖြစ် အသုံးပြုခြင်း၊ သစ်ကိုင်းများပေါ်ဖြတ်လျှောက် အကြိမ်ရေ ရာပေါင်းများစွာ ခုန်ကျော်လေ့ကျင့်ခြင်းတို့ ပါဝင်လေသည်။

    ထိုအခါက တောရိုင်းတိရစ္ဆာန်များ၊ မြစ်ချောင်းထဲမှ ကျောက်တုံးကြီးများ၊  သူ၏ပြိုင်ဘက် များဖြစ်ခဲ့ပြီး အားလုံးကိုအနိုင်ယူခဲ့သည်ဖြစ်သည်။ အလွန်ရှေးကျသော ကိုယ်ခံပညာကျင့်စဉ်     Zen အကျင့်နှင့်ဒဿ        နိကများကိုလည်းနာရီပေါင်းများ စွာလေ့လာခဲ့သည်။   ရေခဲမြစ်ရေတံခွန်အောက်တွင် ဝင်လေထွက်လေ အာရုံပြုသည့် သမထကို နာရီပေါင်းများစွာလေ့ကျင့်ခဲ့သည်။ သူ့ရည်မှန်းချက်ပန်းတိုင်မှာ “စစ်မှန်သောဆာမူရိုင်း” တို့၏ မူလတိုက်ခိုက်နည်းပညာဆီသို့    ပြန်လည်သွားရောက်နိုင်ရန်ဖြစ်သည်။ ဆယ့်ရှစ်လတိုင်တိုင် လေ့ကျင့်နေစဉ် အတောအတွင်း အိုယမသည် အမျိုးမျိုးသော ကိုယ်ခံပညာနည်းနာများကို   လေ့လာပေါင်းစပ်ပြီးနောက် မည်သူနှင့်မှမတူသော အလွန်ထိရောက်သည့်သူ၏ ကိုယ်ပိုင်ကိုယ်ခံပညာတစ်ရပ်ကို တီထွင်နိုင်ခဲ့လေသည်။ ဤနည်းနာသည် အခြားခရတဲ့ပညာရပ်များနှင့်ခြားနားသော အခြားသူများနှင့် လုံးဝခြားနားနေသော လူသား တစ်ယောက် ဖြစ်နေခဲ့လေပြီ။ စိတ်ပိုင်း ရုပ်ပိုင်းနှင့်ဘာသာရေးအမြင်ပိုင်းတို့တွင် ထက်မြက်လွန်းသူတစ်ယောက် ဖြစ်လာခဲ့ချေပြီ။

  • Bulls, Challengers, and the Godhand

    Bulls, Challengers, and the Godhand
    mas5
    mas2

    ၁၉၅၀ နှစ်များတွင် မားစ်အိုယမသည် သူ၏ စွမ်းရည်နှင့် သန်စွမ်းမှုတို့ကို နွားသိုးများနှင့် တိုက်ခိုက်ခြင်းဖြင့် ပြသလေတော့သည်။ စဖေန် (စပိန်) နွားရိုင်းသတ်သမားများကဲ့သို့ အကာအကွယ်များ လှံတိုလှံရှည်လက်နက်များ မပါဘဲ ခရတဲ့၏အနက် အဓိပ္ပါယ်အတိုင်း လက်ချည်းသက်သက်တိုက်ခိုက် ပြခြင်းဖြစ်သည်။ စုစုပေါင်း နွားရိုင်း ၅၂ကောင်နှင့် တိုက်ခိုက်ပြခဲ့ပြီး သုံးကောင်မှာ ပွဲချင်းပြီးသေဆုံးခဲ့ကာ ၄၉ ကောင်တို့၏ ဦးချိုများကို လက်ဝါးစောင်းသက်သက်ဖြင့် ခုတ်ချိုးပြခဲ့ခြင်းဖြစ်သည်။ အလွန်အန္တရာယ်များ၍ ခက်ခဲသောအားထုတမှုများဖြစ်ခဲ့ပါသည်။၁၉၅၇ခုတွင်ရူး​နေသော နွားသိုးကြီးနှင့်ရင်ဆိုင် ရသောအခါတွင် အိုယမသည်သေလုနီးပါး အတိုက်အခိုက်ခံရမှုကို ကြုံခဲ့ရသည်။   နွားရိုင်းကြီးက သူ့ကိုထမ်းတင်ပြီး လုံးဝကျောကုန်းပွင့်သွားလုနီးပါး ချိုဖြင့်ခတ်ခဲ့သည်။ ထို့ကြောင့်ပင်သူသည် ခြောက်လခန့်ပြန်လည်အားမွေးကုသခဲ့ရသည်။

    ၁၉၅၂ ဧပြီလကလည်း အမေရိကတစ်ခွင့်သွားရောက်ကာ တစ်နှစ်လုံးလုံးနေထိုင်လျှက် သူ၏ ခရတဲ့စွမ်းရည်ကို ပြသခြင်း ရုပ်သံမှထုတ်လွှင့် ခြင်းတို့ကို လက်ခံခြင်းပြု ခဲ့သည့် အတောအတွင်း ကြေးစားလက်ဝှေ့ကျော်များ၊ နပမ်းသမားများနှင့် သူ့ကိုစိတ်ခေါ် တိုက်ခိုက်လာသူ မှန်သမျှအား ချေမှုန်းခဲ့ရသေးသည်။

    သူ့ကိုစိန်ခေါ်တိုက်ခိုက်လာသူပေါင်း ၂၇၀ ကို အနိုင်ယူတိုက်ခိုက်နိုင်ခဲ့သည်။ အများစုမှာ သူနှင့်တစ်ယောက် ချင်း တိုက်ခိုက်ကြသူများဖြစ်သော်လည်း အချို့မှာ ဝိုင်းရိုက်ကြခြင်:     ဖြစ်သည်။ အများစုကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူခဲ့ခြင်းဖြစ်ပြီး သုံးမိနစ်ထက်   ပိုကြာသော  တိုက်ပွဲမရှိခဲ့ချေ။ အိုယမသည် သူ၏တိုက်ခိုက်မှုများကို ဆာမူရိုင်း တိုက်ခိုက်ရေးအခြေခံမူများဖြစ်သော တစ်ချက်ခုတ် တစ်ယောက်သေစနစ်(Ichigeki, hissatsy)  ပေါ်တွင် အခြေခံ ထားလေသည်။ သင့်အနားသို့သွားရောက်လာပြီဆိုလျှင် တိုက်ပွဲပြီးဆုံးသွားပြီသာဖြစ်သည်။ သူထိုးကြိတ်ကန်ကျောက် လိုက်ပြီဆိုလျှင် တစ်ခုခုတော့ ကျိုးကျေသွားပြီဖြစ်သည်။ သူ၏တိုက်ခိုက်မှုများကို ဆီးခံ ကာကွယ်မည်ဆိုလျှင် ရလာဒ်မှာ အရိုးကျိုးသွားခြင်း အဆစ်လွဲသွားခြင်းတို့ဖြစ်ရပြီး ကာကွယ်ဆီးခံခြင်းမပြုလျှင်လည်း နံရိုးများကျိုးရသည် သာဖြစ်သည်။ သူ၏ ခွန်အားနှင့်ကျွမ်းကျင်မှုကြောင့် ကမ္ဘာ God’s Hand ဟု နာမည်ပေးခဲ့ပြီး လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည်။ ဤသည်မှာ သူ၏စစ်မှန်သောပန်းတိုင်နှင့် ခရတဲ့ပညာ ရည်မှန်းချက်ပင်ဖြစ်သည်။

    ဤကာလမှာပင် သူသည် အယောက်တစ်ရာနှင့် တိုက်ခိုက်ရသော 100-men kumite  ကိုစတင်ခဲ့ သည်။ သူ၏စွမ်းရည်နှင့် ကျွမ်းကျင်မှုကိုစစ်ဆေးရန် ဆက်လက်၍ သုံးရက်အတွင်း အယောက် ၃၀ဝ နှင့် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ အယောက် သုံးရာပြည့်သည်အထိ သူ့ကိုတစ်ယောက်ပြီးတစ်ယောက်

    တိုက်ခိုက်ရန် သူ၏သင်တန်း သားထဲမှ အသန်မာအကြမ်းတမ်းဆုံး ကျောင်းသားများကို ရွေးချယ်လိုက် လေသည်။ သုံးရက်အတွင်း သင်တန်းသား များမှာ  သူနှင့်လေးကြိမ်ခန့်တိုက်ခိုက်ခဲ့ရသည်။ သို့သော် အချို့မှာ ပြင်းထန်သော အိုယမ၏ တိုက်ချက်ကြောင့် ပထမတစ်ရက်တည်းနှင့် မတ်တပ်မရပ်နိုင်တော့ဘဲ နားလိုက်ရသည်။ အိုယမသည် သူ၏စံချိန်ကို ချိုးနိုင်ရန် လေးရက် မြောက်နေ့၌ ဆက်လက်တိုက်ခိုက်ချင် သော်လည်း  ကြမ်းတမ်းကြံခိုင်လှသော   သူ၏ကျောင်းသားများမှာ တစ် ယောက်မှ ပူးပေါင်း ကူညီနိုင်ခြင်း မရှိတော့ပေ။

  • Oyama Dojo

    oyama dojo
    IMG_136030125794280

    ၁၉၅၄ ခုနှစ်တွင် အိုယမသည် သူ၏ ပထမဦးဆုံးသင်တန်းကို  တိုကျိုမြို့ရှိ   မြက်ခင်းပြင်တစ်ခုတွင် စတင်ဖွင့် လှစ်ခဲ့သည်။ သို့သော် ၁၉၅၆ ဂျွန်လရောက်မှ Oyama Karate School  ဖြစ်သော သူ၏တရားဝင်သင်တန်းကျောင်းကိုRikkyo တက္ကသိုလ်၏ နောက်ဖက်တွင် ဖွင့်လှစ်ခဲ့လေသည်။ ၁၉၅၇ တွင် သင်တန်းသားပေါင်း ၇၀ဝ ရှိလာခဲ့သည်။ သို့သော်လည်း ပြင်းထန်သော သူ၏လေ့ကျင့်ခန်းများ ကြောင့် အချို့မှာ သင်တန်းမှပြေးကြရသည်။ အခြားကြေးစား ကိုယ်ခံပညာရှင်များကလည်း သူ၏သင်တန်းကျောင်းတွင် လေ့ကျင့်ရန်လာခဲ့ကြရသည်။ အထူးသဖြင့် Jis-sen kumite (full contact fighting)  ကို လေ့ကျင့်ရန်အတွက်ဖြစ်သည်။ ထိုသူတို့ထံမှ ပါလာသော တိုက်ခိုက်ရေးဟန်များ ကောင်းကွက် များသည် သူ၏ခရတဲ့ ပညာအသစ်ဆီ ပေါင်းစပ်ရန်ဖြစ်ခဲ့သည်။ ဤသို့ဖြင့် သူ၏ခရတဲ့ ပညာသည် ကမ္ဘာပေါ်တွင် အထင်ကြီးလေးစားခံရဆုံး ခရတဲ့ဖြစ်လာသည်။ မကြာခင်မှာပင် သူ့စတိုင်သည် ကမ္ဘာတဝှမ်း၌ Strongest Karate ဟု ကျော်ကြားလာသည်။

    အိုယမ၏ သင်တန်းသားများသည် kumite ကိုအလွန့်အလွန် အလေးအနက်ထား၍   လေ့ကျင့်ကြရသဖြင့် သူတို့သည် ထူးချွန်သော  တိုက်ခိုက်ရေးသမားများ    ဖြစ်လာကြသည်။ စည်းကမ်းသတ်မှတ်ချက် အနည်းငယ်သာထား၍ တိုက်ခိုက်   လေ့ကျင့်ကြသည်။ လက်သီးလက်ဖဝါးကို တဘက်ဖြင့်ပတ်၍ ဦးခေါင်းကိုထိုးနှက်တိုက်ခိုက်ခြင်း၊ ကိုင်ပေါက်ခြင်းနပမ်းလုံးချုပ်ကိုင်ခြင်း၊ ကန်ကျောက်ခြင်းတို့ဖြင့် တိုက်ခိုက်ကြသည်။ ပေါင်ခွကြားထဲတိုက်ခိုက်ခြင်း ကိုပင် ပုံမှန်အားဖြင့်   လေ့ကျင့်ကြသည် ။ Kumite သည် ပြိုင်ဘက်က အညံ့မခံခြင်း၊အရှုံးပေးပြီဟု မအော်မခြင်း ကြာလေသည်။ သင်တန်းသားများမှာ နေ့တိုင်း နာကျင်ကြပြီး ၉၀% ကျော်သည် လက်မြောက်အရှုံးပေးကြလေသည်။ ထိုစဉ်က တရားဝင်ဝတ်စုံ   Dojo-gi  မရှိကြသေးဘဲ သင်တန်းသားတို့သည် မိမိတို့ ရှိရာကိုသာ အဆင်ပြေအောင် ဝတ်ဆင်ထား ကြခြင်းဖြစ်သည်။

  • The beginning of Kyokushin

    the end

    ၁၉၆၄ ဂျွန်လတွင် အိုယမ၏ခရတဲ့အဖြစ် ကျိုခ့်ရှင်း (Kyokushin)  ဟူသောအမည်ကို    မွေးဖွားကာ တရားဝင်ဌာနချုပ်  Honbu  နှင့် IKO (International Karate Organization) ကိုဖွင့်လှစ်ခဲ့ တော့သည်။ ကျိုခ့်ရှင်းမှာ Ultimate Truth ဟု အဓိပ္ပါယ်ရသည်။ ထိုအချိန်မှစ၍ ကျိုခ့်ရှင်းခရတဲ့ပညာမှာ နိုင်ငံပေါင်း ၁၂၀ ကျော်မှ သင်တန်းသားပေါင်း ဆယ့်ငါးသန်းဖြင့် စတင်လေ့ကျင့်ကြကာ ယခုအချိန်တွင် အင်အားအကြီးမားဆုံး ကိုယ်ခံပညာ အသင်းအဖွဲ့ကြီးဖြစ်နေပေပြီ။ ၁၉၇၄ ခုနှစ်တွင် အိုယမသည် သူ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ခါးစည်းနက်အဆင့် 9th Dan  ကိုရရှိပြီး မကြာခင်မှာပင် 10th Dan ကို ပါရရှိနိုင်ခဲ့သည်။ ယင်းသည်   ကောင်တီကိုယ်စားလှယ်    ​တော်များအဖွဲ့  အပြည်ပြည်ဆိုင်ရာကော်မတ(The International Committee of Country Representatives) မှ ပေးအပ်သော ကမ္ဘာ့အမြင့်ဆုံးအဆင့် ဖြစ်သည်။

  • The End?

    Mas Oyama's

    ၁၉၉၄ ဧပြီလ အသက် ၇၁ တွင် ဆေးလိပ်သောက်သုံးခြင်းမရှိသော အိုယမသည် အဆုတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ သူ၏ရုတ်တရက်သေဆုံးမှုကြောင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းကြီးသည် ရှုပ်ထွေးသောအခြေ အနေနှင့်  ရင်ဆိုင်ခဲ့ရသည်။

    ဆရာကြီးMas. Oyama I.K.O Hombu  ကမ္ဘာ့အဖွဲ့ချုပ်ကို ဂျပန်နိုင်ငံ၏ ဓလေ့ထုံးတမ်း ဥပဒေနှင့် အမွေဆက်ခံမှုဥပဒေအရ သူ၏ဇနီး Chiyako Oyama က အမွေဆက်ခံခွင့်ရရှိခဲ့ပါသည်။ ဆရာကြီးအိုယမသည် ပေါ်ပေါက်ခဲ့သည့်အချိန်မှ ယခုတိုင်အကောင်းဆုံးခရတဲသမားဖြစ်သလို သူ၏နည်းပညာအဖွဲ့အစည်းကို ကမ္ဘာတဝှမ်း ဖြန့်ကျက်ပေးနိုင်မည့် ထူးချွန်သော နည်းပြပေါင်း များစွာကိုလည်း   မွေးထုတ်ခဲ့လေသည်။ ယင်းအချက်အားလုံးတို့ကို ငြင်းဆန်လိုက   ငြင်းဆန်နိုင်ကြပါသည်။   သို့သော်အားလုံးကို သူပေးခဲ့သည့်အမွေမှာ ကျိုခ့်ရှင်း၏ စံနမူနာပင် ဖြစ်တော့သည်။